ဘဝမှာ ဒုတိယအခွင့်အရေး

Mar 23, 2025 210
ဘဝမှာ ဒုတိယအခွင့်အရေး

ယနေ့ရှိနေတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပါ

ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာ အမြဲတမ်း ရနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အများစုဟာ "အဆုံးထိ မရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။

ဒါဟာ Consistency ရဲ့ အရေးပါပုံကို ပြောတာပါ။ ဒါပေမယ့် တစ်ခါတလေ အချိန်မီ မပြီးလိုက်တဲ့ ကိစ္စတစ်ခုဟာလည်း အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ ဖြစ်တတ်ပါတယ်။

အရေးကြီးတဲ့ အင်တာဗျူးတစ်ခုကို နောက်ကျသွားတာ၊ လူတစ်ယောက်ကို ကူညီဖို့ အချိန်မီ မရောက်လိုက်တာ - ဒါတွေဟာ ကိုယ်စိုက်ထုတ်ထားသမျှ အားထုတ်မှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားစေနိုင်ပါတယ်။

ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲဆိုတော့ - မရှိတော့တဲ့ လူတစ်ယောက်ရဲ့ စာကို အဲဒီတော့မှ Reply ပြန်ချင်တယ် လုပ်လို့ မရတော့ဘူး။ မိဘဆုံးပြီးသွားမှ သူတို့အပေါ် တာဝန်မကျေခဲ့တာတွေကို နောင်တရတယ်။ ဒါပေမယ့် အချိန်လွန်မှ ပြသနေတဲ့ မေတ္တာတရားတွေဆိုတာ အစကတည်းက မပေးခဲ့တာနဲ့ အတူတူပဲ မဟုတ်လား။

ကုန်လွန်သွားတဲ့ အချိန်တွေကို ပိုက်ဆံဘယ်လောက်ပုံပေးပေး ပြန်ဝယ်လို့ မရဘူး။ ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ကြဖို့၊ ဘဝကို ပြည့်ပြည့်ဝဝ နေထိုင်သွားဖို့ လိုပါတယ်။

ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာ တစ်ခါတလေ ရမယ်၊ တစ်ခါတလေ မရဘူး။ ဒါကြောင့် နောက်တစ်ကြိမ် အခွင့်အရေး ရချင်မှရမှာ ဆိုတဲ့ စိတ်ကလေးနဲ့ ရှင်သန်ကြမယ်ဆို၊ ဒုတိယအခွင့်အရေး မရတော့တဲ့အခါ ဝမ်းနည်းရရင်တောင် "နောင်တ" ဆိုတဲ့ နောက်ထပ်မြှားတစ်စင်းတော့ ရင်ကို ထပ်မဆူးရတော့ဘူးလို့ မြင်မိပါတယ်။

ကူးယူပြီးပါပြီ

Comments

Please Login to post a comment.

Link copied to clipboard!