အင်တာနက်ပေါ်က ပထမဆုံး Meme - Dancing Baby

၁၉၉၆ ခုနှစ်လောက်မှာ စတင်ပေါ်ထွက်လာခဲ့တဲ့ ဒီ 3D ကလေးငယ်ဟာ အင်တာနက်ရဲ့ ပထမဆုံး နာမည်ကြီးကျော်ကြားလာခဲ့တဲ့ အရာတစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်က အီးမေးလ်တွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ တစ်ယောက်ဆီက တစ်ယောက်ဆီ ပျံ့နှံ့သွားခဲ့တာပေါ့။
အောက်ဆုံးမှာ ပုံပြ ပေးထားပါတယ်
ကလေးငယ်လေးက "Hooked on a Feeling" သီချင်းနဲ့အတူ ကခုန်နေတဲ့ GIF ဖိုင်လေးဟာ အဲဒီအချိန်က နည်းပညာအရ တော်တော်လေး အံ့သြစရာကောင်းခဲ့တယ်။ ဒီကလေးလေးကို "Cha-Cha Baby" လို့လည်း ခေါ်ကြပါသေးတယ်။
ဒီMemeဟာ နောက်ပိုင်းမှာ "Ally McBeal" ဆိုတဲ့ TV စီးရီးမှာတောင် ပါဝင်လာခဲ့ပြီး ပိုပြီး ကျော်ကြားသွားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ TikTok တွေ၊ Instagram Reels တွေနဲ့ ပျံ့နှံ့နေတဲ့ memeတွေရဲ့ ဘိုးအေကြီးလို့ ပြောရင်လည်း ရမယ်ထင်ပါတယ်။
တကယ်တော့ ဒီ Dancing Baby ဟာ Kinetix ကုမ္ပဏီက Character Studio ဆိုတဲ့ 3D ကဆော့ဖ်ဝဲအတွက် demo အနေနဲ့ ဖန်တီးခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ LucasArts က ဝန်ထမ်းတစ်ယောက်က သူ့ကို GIF အဖြစ် ပြောင်းလဲပြီး အီးမေးလ်နဲ့ မျှဝေလိုက်တာကနေ စတင်ကျော်ကြားလာခဲ့တာပါ။
ဒီနေ့ခေတ်မှာ memeတွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ပေမယ့် အဲဒီအချိန်တုန်းကတော့ ဒီလို ဟာသဆန်ဆန် ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခုဟာ လူတွေကြားမှာ ဒီလောက်ပျံ့နှံ့သွားတာ တော်တော်လေး ထူးဆန်းခဲ့ပါတယ်။
Comments
Please Login to post a comment.