အရေးပေါ်တားဆေးအကြောင်း သိသင့်သိထိုက်သမျှ

Mar 16, 2025 139
အရေးပေါ်တားဆေးအကြောင်း သိသင့်သိထိုက်သမျှ

သိပ်သိချင်နေကြတဲ့ အရေးပေါ်တားဆေးအကြောင်း ပြောပြပေးမယ်နော်။ ခေတ်သစ်ဇီဝကတစ်ယောက်အနေနဲ့ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဖြေပေးသွားမှာပါ။

အရေးပေါ်တားဆေးဆိုတာ ဘာလဲ?

အရေးပေါ်တားဆေးကို Emergency Oral Contraceptives, Morning after pill, Plan B One Step စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Ecee2 နဲ့ Pill 72 ဆိုပြီး အသိများကြပါတယ်။

ပုံမှန်နေ့စဉ်သောက်တဲ့ တားဆေးတွေနဲ့ ဘာကွာလဲဆိုရင် အရေးပေါ်တားဆေးမှာ ပရိုဂျပ်စတိုဂျင် ဟိုမုန်းဖြစ်တဲ့ Levonogestrel ပဲပါပြီး ပမာဏအားဖြင့် နေ့စဉ်သောက်တဲ့ တားဆေးထက် ပိုများပါတယ်။ တစ်လုံးမှာ 1.5 mg ပါဝင်ပါတယ်။

ဘယ်လိုသန္ဓေတားပေးလဲ?

အရေးပေါ်တားဆေးဟာ သားဥအိမ်ကနေ သားဥမထွက်အောင် တားပေးပြီး ပဋိသန္ဓေကို တားဆီးပေးပါတယ်။ သတိထားရမှာက ကိုယ်ဝန်ရှိပြီးသားဆိုရင်တော့ မတားနိုင်တော့ပါဘူး။ ဒါ့အပြင် သားပျက်သားလျောလည်း လုံးဝမဖြစ်စေပါဘူး။ ဆေးသောက်နောက်ကျပြီး ကိုယ်ဝန်ရှိခဲ့ရင်လည်း သန္ဓေသားကို ဘေးဥပဒ်မဖြစ်စေပါဘူး။

ဘယ်လိုသောက်ရမလဲ?

Ecee2 ကို အတူနေပြီး 72 နာရီအတွင်း ပထမဆေးတောင့်ကို သောက်ပြီး နောက်ဒုတိယတစ်တောင့်ကို 12 နာရီခြားပြီးမှ သောက်ရပါတယ်။ တချို့အမျိုးအစားတွေကတော့ 72 နာရီအတွင်း တစ်ကြိမ်တည်းသောက်ရပါတယ်။

ဘယ်လောက်စိတ်ချရလဲ?

အာနိသင်ကတော့ သုံးစွဲသူအပေါ် များစွာမူတည်ပါတယ်။ ပုံမှန်အားဖြင့် ဆေးကို စနစ်တကျသောက်ရင် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး:

  • 24 နာရီအတွင်း သောက်ခဲ့ရင် 95% အထိ ကာကွယ်ပေးပါတယ်
  • 72 နာရီအတွင်း သောက်ခဲ့ရင် 89% လောက်အထိ ကာကွယ်ပေးပါတယ်

ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

  • ရာသီမမှန်တာ (ပမာဏနည်းသွားတာ၊ ရက်နည်းသွားတာ၊ ရာသီထိန်သွားတာ)
  • ခေါင်းကိုက်တာ
  • ခေါင်းမူးတာ
  • ရင်သားတင်းရင်းတာ၊ နာတတ်တာ
  • ပျို့ခြင်း၊ အန်ခြင်း

မကြာခဏသောက်လို့ရလား?

အရေးပေါ်ရင်တော့ သောက်လို့ရပါတယ်။ ဒါပေမယ့် ဟိုမုန်းပမာဏ သာမန်ထက်များတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အမြဲတမ်းသုံးဖို့ မသင့်တော်ပါဘူး။ အမြဲအရေးပေါ်နေသူတွေအတွက် ကွန်ဒုံး သို့မဟုတ် တခြားသားဆက်ခြားနည်းတွေကို သုံးသင့်ပါတယ်။

အခြားသိသင့်တဲ့အချက်များ

  • အရေးပေါ်တားဆေးသောက်ပြီး နောက်ရက်တွေမှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ထပ်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးသုံးသင့်ပါတယ်။
  • ဆေးသောက်ပြီး အန်ရင် ဆေးပါသွားခဲ့ရင် နောက်ထပ်တစ်ကြိမ် ထပ်သောက်သင့်ပါတယ်။
  • အရက်ဘီယာသောက်တာက ဆေးရဲ့အာနိသင်ကို မထိခိုက်ပါဘူး။
  • နို့တိုက်မိခင်တွေလည်း သောက်လို့ရပါတယ်။
  • ဆေးသောက်ပြီး ရာသီက ပုံမှန်ထက် စောတာ၊ နောက်ကျတာဖြစ်နိုင်ပေမယ့် တစ်လအတွင်းမှာတော့ ပြန်လာတတ်ပါတယ်။

အရေးပေါ်တားဆေးဟာ အရေးပေါ်အခြေအနေမှာ သုံးဖို့သာ သင့်တော်ပြီး ပုံမှန်သားဆက်ခြားနည်းအဖြစ် အသုံးပြုဖို့ မသင့်တော်ကြောင်း သတိပြုပါနော်။ ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်စရာရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Learn more
Interstitial Ad

Kyawmal Flix

Make money by uploading your videos

Join Now
Company Logo

Lugyi Videos

Watch Myanmar Lugyi Videos for free

Watch Now
Learn more
-->
Link copied to clipboard!

Comments

Please Login to post a comment.

Link copied to clipboard!