ကျန်းမာသော ဖွားဖက်တော်အတွက် သိထားသင့်သည့် အချက်များ

အမျိုးသားတော်တော်များများက မိမိတို့၏ လိင်တံအရွယ်အစားအပေါ် စိုးရိမ်ပူပန်တတ်ကြတာ သဘာဝပါပဲ။ တကယ်တော့ အရွယ်အစားက လိင်မှုဘဝအပေါ် သိပ်ကြီးမားတဲ့ သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် ကျန်းမာသော ဖွားဖက်တော်အတွက် ဘာတွေ လုပ်သင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။
အသီးအရွက် များများစားပါ
အသီးအရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောကျန်းမာရေးကို ကာကွယ်ပေးပြီး လိင်တံဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ စိတ်ရော ကိုယ်ရော ဖွားဖက်တော်ပါ ကျန်းမာစေဖို့ အသီးအရွက်များများ စားပေးပါ။
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ခြင်းက လိင်တံဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဗိုက်ပိုင်းမှာ အဆီများနေသူများအတွက် လေ့ကျင့်ခန်းလုပ်ပြီး အဆီချလိုက်ရင် လိင်တံရဲ့ နဂိုအရွယ်အစားကို ပြန်မြင်ရမှာပါ။
စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုများတာက လိင်တံဆီသို့ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး လိင်စိတ်နဲ့ လိင်တံအရွယ်အစားကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုပြေလျော့စေမယ့် အလေ့အထလေးတွေ မွေးမြူပါ။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက သွေးကြောကျဉ်းစေပြီး လိင်တံဆီသို့ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ်က အဆုတ်ကိုတင်မက ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်တာ သတိရပါ။
အရက်လျှော့ပါ
အရက်အလွန်အကျွံသောက်ခြင်းက တက်စတိုစတီရုန်း ထုတ်လုပ်မှုကို ကျဆင်းစေပြီး လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အရက်က အသည်းကိုတင်မက ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒီအချက်လေးတွေကို လိုက်နာပြီး ကိုယ့်ရဲ့ ဖွားဖက်တော်ကို ကျန်းမာအောင် ဂရုစိုက်လိုက်ပါ မိတ်ဆွေတို့ရေ! 💪
Comments
Please Login to post a comment.