ဆဌမသင်္ဂါယနာတင်ပွဲ - မြန်မာဗုဒ္ဓသာသနာ ပြန်လည်ထွန်းလင်းခြင်း

Mar 17, 2025 123

Listen to Article (မြန်မာလို)

​မြန်မာလို နားထောင်နိုင်ပါသည်

0:00 / 0:00
ဆဌမသင်္ဂါယနာတင်ပွဲ - မြန်မာဗုဒ္ဓသာသနာ ပြန်လည်ထွန်းလင်းခြင်း

ကိုလိုနီခေတ် နှစ် 100 ခန့်အတွင်း မြန်မာ့ဗုဒ္ဓသာသနာ လွန်စွာညှိုးနွမ်းခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးနောက် သာသနာနှစ် 2498 မှာ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ဆဌမသင်္ဂါယနာတင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။

ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နဲ့ မင်းကွန်းဆရာတော်တို့ ဦးဆောင်တဲ့ ထေရဝါဒနိုင်ငံ 5 နိုင်ငံက ရဟန်းတော် 2500 ပါဝင်ခဲ့ပြီး ဦးနုအစိုးရနဲ့ ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒီပွဲမှာ ကျောက်စာပေါ်က ပိဋကတ်တော်များကို စာအုပ်ပုံစံအဖြစ် ပြောင်းလဲရိုက်နှိပ်ခဲ့တာဟာ သာသနာတော်အတွက် အလွန်အရေးပါတဲ့ ပြောင်းလဲမှုကြီးပါ။

ဒီလိုနဲ့ ယနေ့ခေတ်မှာ ဗုဒ္ဓတရားတော်တွေကို လူတိုင်း နေရာမရွေး အချိန်မရွေး လွယ်လွယ်ကူကူ လေ့လာနိုင်လာပါပြီ။

မဟာစည်ဆရာတော်နဲ့ မင်းကွန်းဆရာတော်တို့ရဲ့ အမေးအဖြေများကို လေ့လာရင်း ကြည်ညိုသဒ္ဓါတရားတွေ ပွားများနိုင်ကြပါစေ။

Learn more
Interstitial Ad

Kyawmal Flix

Make money by uploading your videos

Join Now
Company Logo

Lugyi Videos

Watch Myanmar Lugyi Videos for free

Watch Now
Learn more
-->
Link copied to clipboard!

Comments

Please Login to post a comment.

Link copied to clipboard!