ကဒ်အမျိုးအစားတွေ ကွာခြားပုံနဲ့ ကိုယ်နဲ့ကိုက်တဲ့ကဒ် ရွေးချယ်နည်း

Mar 23, 2025 172
ကဒ်အမျိုးအစားတွေ ကွာခြားပုံနဲ့ ကိုယ်နဲ့ကိုက်တဲ့ကဒ် ရွေးချယ်နည်း

ငွေပေးချေမှုစနစ်မှာ ဘယ်ကဒ်က ကိုယ့်အတွက် အကောင်းဆုံးလဲ

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ ဒါပေမယ့် ကဒ်အမျိုးအစားတွေ အများကြီးထဲက ဘယ်ဟာက ကိုယ်နဲ့အကိုက်ညီဆုံးလဲ? လာကြည့်ရအောင်။

၁။ အကြွေးဝယ်ကဒ် (Credit Card)

  • အဓိပ္ပာယ်: ဘဏ်က သတ်မှတ်ပေးထားတဲ့ ပမာဏအထိ အရင်သုံးပြီးမှ နောက်မှပြန်ဆပ်ရတဲ့ကဒ်
  • အားသာချက်: အရေးပေါ်သုံးလို့ရ၊ Cashback/Reward Points ရနိုင်၊ ကဒ်ပျောက်ရင် credit limit ထက်ပို ဆုံးရှုံးမှာမဟုတ်
  • သင့်တော်သူ: ငွေစီမံခန့်ခွဲနိုင်သူ၊ အွန်လိုင်းမှာ မကြာခဏဝယ်သူ၊ ဆုလာဘ်တွေရချင်သူ
  • သတိထားရန်: အချိန်မီမဆပ်နိုင်ရင် အတိုးတွေတက်ပြီး အကြွေးနွံနစ်နိုင်

၂။ ဘဏ်ကဒ် (Debit Card)

  • အဓိပ္ပာယ်: ကိုယ့်ဘဏ်အကောင့်ထဲက ငွေကိုတိုက်ရိုက်ထုတ်ယူသုံးစွဲတဲ့ကဒ်
  • အားသာချက်: အကြွေးမတင်၊ ATM ကနေငွေထုတ်လို့ရ၊ အွန်လိုင်းမှာလည်းသုံးလို့ရ
  • သင့်တော်သူ: နေ့စဉ်သုံးဖို့ရိုးရှင်းတဲ့ကဒ်လိုချင်သူ၊ အကြွေးမတင်ချင်သူ၊ လစာငွေလက်ခံဖို့လိုသူ
  • သတိထားရန်: ဘဏ်အကောင့်ထဲမှာငွေရှိမှသုံးလို့ရ၊ ကဒ်ပျောက်ရင် အကောင့်ထဲကငွေဆုံးနိုင်

၃။ ကြိုတင်ငွေဖြည့်ကဒ် (Prepaid Card)

  • အဓိပ္ပာယ်: ကြိုတင်ငွေဖြည့်ထားသလောက်သာသုံးလို့ရတဲ့ကဒ်
  • အားသာချက်: ဘဏ်အကောင့်မလိုအပ်၊ ငွေသုံးစွဲမှုထိန်းချုပ်ရလွယ်၊ ဆုံးရှုံးမှုအနည်းဆုံး
  • သင့်တော်သူ: ကလေးတွေအတွက်၊ ဘဏ်အကောင့်မရှိသူ၊ အွန်လိုင်းဂိမ်းဝယ်သူ
  • သတိထားရန်: ငွေဖြည့်မထားရင်သုံးလို့မရ၊ အချို့ဝဘ်ဆိုဒ်တွေမှာလက်မခံတာရှိနိုင်

ဒါ့အပြင် ကဒ်တွေကို ပလတ်စတစ်ကဒ် (ကိုင်တွယ်လို့ရတဲ့) နဲ့ Virtual Card (အွန်လိုင်းသုံးဖို့ ဒစ်ဂျစ်တယ်ကဒ်) ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။

ကိုယ့်ရဲ့ငွေသုံးစွဲပုံ၊ လိုအပ်ချက်နဲ့ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ကဒ်ကို ရွေးချယ်သုံးစွဲနိုင်ပါပြီ။

ကူးယူပြီးပါပြီ

Comments

Please Login to post a comment.

Link copied to clipboard!