သူများအကြိုက်လိုက်နေရင်း ကိုယ့်ကိုယ်ကိုယ် မေ့နေသလား?

Mar 22, 2025 215
သူများအကြိုက်လိုက်နေရင်း ကိုယ့်ကိုယ်ကိုယ် မေ့နေသလား?

 ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း နောက်ဆုံးမှာထားပြီး တခြားသူတွေကို အရင်ဦးစားပေးနေရတဲ့ ခံစားချက်ကို သိလား? ကိုယ်က people-pleaser တစ်ယောက်ဖြစ်နေရင် ဒီဆောင်းပါးလေးက ကိုယ့်အတွက်ပဲ။

၁။ ကိုယ့်ကိုယ်ကိုယ် သနားညှာတာတတ်ပါစေ

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လေ့ကျင့်ပါ။ မျက်စိမှိတ်၊ အသက်ရှူပြီး ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်တွေးကြည့်ပါ။ သူစိမ်းကလေးတစ်ယောက်လို မြင်ကြည့်ပါ။ သူတစ်ပါးကြိုက်အောင် လုပ်ပေးရင်း ကိုယ့်ဆန္ဒတွေကို စွန့်လွှတ်ခဲ့ရတဲ့ ကလေးလေးကို သနားကြင်နာစိတ် ထားပေးပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ သူများကို ကျေနပ်အောင် လုပ်ပေးရင်း ကိုယ့်ကိုယ်ကိုယ် နစ်နာစေတဲ့ အလေ့အထကို သတိထားမိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိလာတဲ့အခါ "ငါ ဒီလိုနေစရာ မလိုဘူး" လို့ ခံစားလာပါလိမ့်မယ်။

၂။ သတိရှိရှိ နေထိုင်ပါ

သင့်ရဲ့ ခံစားချက်တွေကို သတိထားမိဖို့ အရေးကြီးပါတယ်။ တစ်ယောက်ယောက်က အကူအညီတောင်းတဲ့အခါ ချက်ချင်း "ရပါတယ်" လို့ မပြောခင် ခဏရပ်ပြီး စဉ်းစားပါ။ "ဒီလူ ငါ့ကို ချစ်ဖို့၊ အမြင်ကြည်ဖို့ မလိုဘူး" ဆိုတာ သတိရပါ။

ဒီလို သတိရှိဖို့ Meditation လုပ်ပြီး လေ့ကျင့်ထားရင် ပိုကောင်းပါတယ်။ နှစ်ပေါင်းများစွာ စွဲနေတဲ့ အလေ့အထကို ချက်ချင်းပြောင်းလဲဖို့ မလွယ်ပေမယ့် တဖြည်းဖြည်း တိုးတက်လာမှာပါ။

People-pleaser တွေဟာ စိတ်ကောင်းရှိသူတွေပါ။ သင့်ကြောင့် စိတ်ချမ်းသာသွားရတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူများကို ကူညီရင်း ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုလည်း နည်းနည်းလောက် ထည့်စဉ်းစားဖို့ အချိန်တန်ပါပြီ။

ကူးယူပြီးပါပြီ

Comments

Please Login to post a comment.

Link copied to clipboard!