သင်္ချာကို ကလေးတွေ ချစ်လာအောင် ဘယ်လိုလုပ်မလဲ

Mar 23, 2025 159
သင်္ချာကို ကလေးတွေ ချစ်လာအောင် ဘယ်လိုလုပ်မလဲ

ကလေးတွေရဲ့ သင်္ချာအခြေခံကောင်းဖို့ မိဘတွေ ကူညီနိုင်တဲ့နည်းလမ်းများ

"သင်္ချာက ခက်တယ်။ ဘာတွေမှန်းလဲမသိဘူး" ဆိုတဲ့စကားဟာ ကျောင်းသားတော်တော်များများရဲ့ နှုတ်ဖျားမှာ ရှိနေတာ မဆန်းပါဘူး။ ဒါပေမယ့် သင်္ချာဟာ နေ့စဉ်ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေတာမို့ ကလေးတွေ ငယ်ငယ်ကတည်းက သင်္ချာကို ချစ်မြတ်နိုးလာအောင် ဘယ်လိုလုပ်ကြမလဲ?

၁။ ကလေးရဲ့ ဆရာဆရာမတွေနဲ့ ပုံမှန်ဆွေးနွေးပါ

ကလေးတွေရဲ့ အချိန်အများစုဟာ ကျောင်းမှာ ကုန်ဆုံးတာမို့ ဆရာဆရာမတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်မှသာ ကလေးအတွက် သင်္ချာဟာ ခက်ခဲတဲ့ဘာသာရပ် မဖြစ်တော့ပဲ စိတ်ဝင်စားစရာ ဘာသာရပ်တစ်ခု ဖြစ်လာမှာပါ။

၂။ နည်းပညာကို အသုံးချပါ

ခေတ်က နည်းပညာခေတ်ဆိုတော့ ကလေးတွေလည်း နည်းပညာကို စိတ်ဝင်စားကြပါတယ်။ Google Play Store နဲ့ App Store တွေမှာ သင်္ချာဂိမ်းလေးတွေ အများကြီးရှိပါတယ်။ Sudoku လိုမျိုး ဂိမ်းလေးတွေဟာ ကလေးတွေရဲ့ သင်္ချာစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။

၃။ သင်္ချာကို ပျော်စရာဖြစ်အောင် လုပ်ပါ

သင်္ချာပုစ္ဆာတွေကို ပုံပြင်လေးတွေနဲ့ ပေါင်းစပ်ပြီး ကလေးတွေကို ဖြေရှင်းခိုင်းပါ။ ဥပမာ "ငှက်ကလေး ၅ ကောင် သစ်ပင်ပေါ်မှာနားနေတယ်၊ နောက်ထပ် ၃ ကောင် ထပ်လာနားတယ်၊ ဒါဆို အခုသစ်ကိုင်းပေါ်မှာ ငှက်ကလေး ဘယ်နှစ်ကောင်ရှိမလဲ" စသဖြင့်ပေါ့။ ကလေးနဲ့အတူ ပုစ္ဆာတွက်တဲ့အခါ ဘေးကနေ အားပေးပေးရင် ကလေးတွေ ပိုပြီးစိတ်ဝင်စားလာပါလိမ့်မယ်။

၄။ နေ့စဉ်ဘဝမှာ သင်္ချာကို လေ့ကျင့်ပေးပါ

ဈေးဝယ်ထွက်တဲ့အခါ ကလေးကို ပစ္စည်းဈေးနှုန်းတွေ ပေါင်းခိုင်းတာ၊ ဟင်းချက်တဲ့အခါ အချိန်အတွယ်တွေ လေ့ကျင့်ပေးတာ၊ မုန့်ဖိုးပေးတဲ့အခါ ဘယ်လိုသုံးစွဲရမလဲဆိုတာ သင်ပေးတာတွေဟာ သင်္ချာကို လက်တွေ့ဘဝမှာ အသုံးချတတ်အောင် လေ့ကျင့်ပေးတာပါပဲ။

၅။ ကလေးရဲ့ အောင်မြင်မှုလေးတွေကို အသိအမှတ်ပြုပါ

ကလေးတစ်ယောက်အတွက် သင်္ချာပုစ္ဆာလေးတစ်ခု ဖြေရှင်းနိုင်တာဟာ အရမ်းကြီးတဲ့ အောင်မြင်မှုတစ်ခုပါ။ ကလေးတွေကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာထက် သူတို့ရဲ့ တိုးတက်မှုကို အသိအမှတ်ပြုပေးတာက ပိုအရေးကြီးပါတယ်။

မိဘတိုင်းဟာ ကလေးရဲ့ ပထမဆုံးဆရာပါ။ ဒီနည်းလမ်းလေးတွေကို အသုံးချပြီး ကလေးတွေရဲ့ သင်္ချာအခြေခံကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ဒါမှသာ ကလေးတွေဟာ သင်္ချာကို ကြောက်စရာမဟုတ်ဘဲ စိတ်ဝင်စားစရာ ဘာသာရပ်တစ်ခုအဖြစ် မြင်လာမှာပါ။

Learn more
Interstitial Ad

Kyawmal Flix

Make money by uploading your videos

Join Now
Company Logo

Lugyi Videos

Watch Myanmar Lugyi Videos for free

Watch Now
Learn more
-->
Link copied to clipboard!

Comments

Please Login to post a comment.

Link copied to clipboard!