ဆုံးရှုံးမှုနည်းအောင် စီးပွားရေးလုပ်နည်း

Mar 23, 2025 115
ဆုံးရှုံးမှုနည်းအောင် စီးပွားရေးလုပ်နည်း

အောင်မြင်မှုရဲ့ နောက်ကွယ်က အတွေ့အကြုံများ

အရှုံးမရှိတာမဟုတ်ပါဘူး၊ အရှုံးနည်းအောင် စီမံနိုင်တာပါ။ လုပ်ငန်း ၁၀ ခုလုပ်ရင် ၈ ခုအောင်မြင်ပြီး ၂ ခုလောက် မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Risk Management နဲ့ Damage Control လုပ်ထားတော့ ရှုံးရင်လည်း သက်သာပါတယ်။

ဒီလိုဖြစ်အောင် ဘာတွေလိုအပ်လဲဆိုရင်:

1️⃣ နေ့ချင်းညချင်းမအောင်မြင်ပါဘူး - နှစ်ပေါင်း ၂၀ လောက် ကြိုးစားခဲ့ရတယ်။ အစပိုင်းမှာ ဆုံးရှုံးမှုတွေအများကြီးကြုံခဲ့ပေမယ့် အတွေ့အကြုံရလာတော့ ဘယ်အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် ခွဲခြားတတ်လာတယ်။

2️⃣ သေးသေးလေးကစပါ - ရသလောက်ငွေနဲ့ စတင်ပါ။ ဆယ်သိန်းကို မရှုံးအောင်လုပ်နိုင်မှ သိန်းတစ်ရာကို ထိန်းနိုင်မှာပါ။ ဝန်ထမ်းဘဝ တစ်လငါးသောင်းစုချိန်မှာ ငွေတိုးချေးတာ၊ ဖုန်းဘေရောင်းတာ၊ အထည်ရောင်းတာစတဲ့ အသေးစားလုပ်ငန်းလေးတွေနဲ့ စခဲ့တာပါ။

3️⃣ Network ကြီးလာတယ် - လုပ်ငန်းရှင်ဖြစ်လာတော့ အခြားလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မိပြီး အမြင်ပိုကျယ်လာတယ်။ ဘယ်လုပ်ငန်းက Risk နည်းပြီး အမြတ်များတယ်ဆိုတာ သိလာတယ်။

4️⃣ လူရင်းတွေရှိလာတယ် - တစ်ယောက်ထဲကနေ ကျစ်လစ်တဲ့အဖွဲ့အစည်းလေးဖြစ်လာတော့ အရင်က မလုပ်နိုင်တဲ့အလုပ်တွေကို တိုးချဲ့လုပ်နိုင်လာပြီး Risk တွေကိုလည်း ပိုစောင့်ကြည့်နိုင်လာတယ်။

5️⃣ ကိုယ့်တာလုံအောင်လုပ် - ဥပဒေနားလည်ကျွမ်းကျင်သူတွေကို ငှားရမ်းစစ်ဆေးစေခြင်း၊ စာချုပ်စာတမ်းတွေ အခိုင်အမာချုပ်ဆိုခြင်းဖြင့် ဆုံးရှုံးမှုကို ကာကွယ်နိုင်တယ်။

6️⃣ ကျွမ်းကျင်သူတွေနဲ့တိုင်ပင် - ရင်းနှီးမြုပ်နှံမှုတွေ လုပ်ငန်းသစ်တွေစမယ်ဆိုရင် အဲဒီနယ်ပယ်က Specialist တွေကို တိုင်ပင်ပါ။

7️⃣ ယုံကြည်မှုတည်ဆောက် - အချိန်ကြာလာတော့ Personal Brand ဖြစ်လာပြီး လူတွေက ယုံကြည်လာကြတယ်။ ဒါဟာ လုပ်ငန်းတွေအောင်မြင်စေတဲ့ အဓိကအချက်တစ်ခုပါ။

Learn more
Interstitial Ad

Kyawmal Flix

Make money by uploading your videos

Join Now
Company Logo

Lugyi Videos

Watch Myanmar Lugyi Videos for free

Watch Now
Learn more
-->
Link copied to clipboard!

Comments

Please Login to post a comment.

Link copied to clipboard!