သားကြောဖြတ်ခြင်းအကြောင်း သိကောင်းစရာများ

Mar 22, 2025
သားကြောဖြတ်ခြင်းအကြောင်း သိကောင်းစရာများ

သားဆက်ခြားနည်းတွေထဲမှာ သားကြောဖြတ်တဲ့နည်းဟာ ထိရောက်မှုအမြင့်ဆုံးနည်းလမ်းတစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ပတ်သက်ပြီး မရှင်းလင်းတဲ့အချက်တွေ၊ အမှားအယွင်းတွေ အများကြီးရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာ သားကြောဖြတ်ခြင်းနဲ့ပတ်သက်တဲ့ အမေးများတဲ့မေးခွန်းတွေကို ဖြေဆိုပေးသွားမှာပါ။

သားကြောဖြတ်တယ်ဆိုတာ ဘာလဲ?

သားကြောဖြတ်ခြင်းဆိုတာ ကလေးယူဖို့ အစီအစဉ်မရှိတော့တဲ့ အမျိုးသမီးတွေအတွက် ရွေးချယ်နိုင်တဲ့ အမြဲတမ်းသားဆက်ခြားနည်းတစ်ခုပါ။ ဒီနည်းမှာ သားဥဆင်းတဲ့လမ်းကြောင်းဖြစ်တဲ့ သားဥပြွန်ကို ချည်လိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် သားဥဟာ သားအိမ်ထဲကို မဆင်းနိုင်တော့ဘူး၊ သုက်ပိုးနဲ့လည်း မတွေ့နိုင်တော့တဲ့အတွက် ကိုယ်ဝန်ရှိလာဖို့ မဖြစ်နိုင်တော့ပါဘူး။

သားကြောဖြတ်ပြီးရင် ကလေးပြန်ယူလို့ရနိုင်သေးလား?

လူအများစုက သားကြောဖြတ်တာဟာ ယာယီလုပ်ထားတာလို့ ထင်ကြပါတယ်။ ချည်ထားတာကို ပြန်ဖြည်လိုက်ရင် ကလေးပြန်ယူလို့ရမယ်လို့ ယူဆကြပေမယ့် အမှန်တကယ်တော့ မဟုတ်ပါဘူး။ သားကြောဖြတ်ခြင်းဟာ အမြဲတမ်းသားဆက်ခြားနည်းတစ်ခုဖြစ်ပါတယ်။ ချည်ထားတဲ့အထုံးကို ပြန်ဖြည်လိုက်တယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းက အလွန်နည်းပါးပါတယ်။

ဒါကြောင့် အနာဂတ်မှာ ကလေးယူချင်တယ်လို့ စဉ်းစားထားသေးရင် သားကြောဖြတ်မယ့်အစား တခြားသားဆက်ခြားနည်းတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

သားကြောဖြတ်ပြီးရင် လိင်ကိစ္စ စိတ်ဝင်စားမှု နည်းသွားပြီး ဝလာတတ်လား?

ဒါကတော့ အမှားအယွင်းတစ်ခုပါပဲ! သားကြောဖြတ်ခြင်းဟာ လိင်စိတ်ကို လုံးဝသက်ရောက်မှုမရှိပါဘူး။ ကိုယ်ဝန်မရနိုင်တော့တဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရမှာစိုးရိမ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲမရှိတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေတာမျိုးလည်း မဖြစ်ပါဘူး။

သားကြောဖြတ်လိုက်ရင် ဓမ္မတာမမှန်တာမျိုး ဖြစ်တတ်လား?

သားကြောဖြတ်ခြင်းကြောင့် ရာသီမမှန်တာမျိုး မဖြစ်ပါဘူး။ ဒါပေမယ့် သားကြောမဖြတ်ခင် တားဆေးသောက်တာတို့၊ သုံးလခံထိုးဆေးထိုးတာမျိုး လုပ်ထားရင်တော့ သူတို့ရဲ့အရှိန်ကြောင့် ရာသီမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ သားကြောဖြတ်ခြင်းက ဟော်မုန်းအပေါ် သက်ရောက်မှုမရှိတဲ့အတွက် ရာသီစက်ဝန်းကို မထိခိုက်စေပါဘူး။

သားကြောဖြတ်ရင် နာလား?

သားကြောဖြတ်တာဟာ ခွဲစိတ်မှုတစ်ခုဖြစ်တဲ့အတွက် နာကျင်မှုအနည်းငယ်တော့ ရှိပါတယ်။ ထုံဆေးဖြစ်ဖြစ်၊ မေ့ဆေးဖြစ်ဖြစ် ကြိုက်တာနဲ့ ခွဲစိတ်မှုလုပ်လို့ရပါတယ်။ ခွဲစိတ်ပြီးရက်အနည်းငယ်အတွင်းမှာ ခွဲစိတ်ထားတဲ့ဒဏ်ကြောင့် အားနည်းသလိုခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

သားကြောဖြတ်ပြီး ကိုယ်ဝန်ရရင် ဘယ်လိုလုပ်မလဲ?

သားကြောဖြတ်ပြီးနောက် ကိုယ်ဝန်ရတာဟာ မရှိသလောက်ရှားပါးတဲ့ ကိစ္စတစ်ခုပါ။ ရံဖန်ရံခါမှာ ချည်ထားတဲ့သားဥပြွန်မှာ သားအိမ်နဲ့ဆက်တဲ့ အပေါက်အသစ်ပေါ်လာပြီး ကိုယ်ဝန်ရသွားနိုင်ပေမယ့် ဒီလိုဖြစ်ရပ်က အလွန်ရှားပါးပါတယ်။ ဒါကြောင့် သားကြောဖြတ်ပြီးရင် ကိုယ်ဝန်ရမှာကို စိုးရိမ်စရာမလိုပါဘူး။

သားကြောဖြတ်တာကို ကလေးအများကြီးရှိတဲ့ အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေကိုပဲ ပေးလုပ်တာလား?

မဟုတ်ပါဘူး။ ကာယကံရှင်က ဆန္ဒရှိရင် အသက်အရွယ်မရွေး သားကြောဖြတ်လို့ရပါတယ်။ ကလေးအရေအတွက်ထက် ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်က ပိုအရေးကြီးပါတယ်။

သားကြောဖြတ်ခြင်းဟာ ထိရောက်တဲ့ သားဆက်ခြားနည်းတစ်ခုဖြစ်ပေမယ့် ဆုံးဖြတ်ချက်မချခင် ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

Learn more
Interstitial Ad

Kyawmal Flix

Make money by uploading your videos

Join Now
Company Logo

Lugyi Videos

Watch Myanmar Lugyi Videos for free

Watch Now
Learn more
-->
Link copied to clipboard!

Comments

Please Login to post a comment.

Link copied to clipboard!