Google Maps မှာ ဒီလိုလုပ်လို့ရမှန်း သိပြီးပြီလား?

Apr 16, 2025 31
Google Maps မှာ ဒီလိုလုပ်လို့ရမှန်း သိပြီးပြီလား?

Google Maps မှာ လမ်းညွှန်တာအပြင် တကယ်အသုံးဝင်တဲ့ functions လေးတွေ ရှိပါသေးတယ်။ လူသိပ်သတိမထားမိပေမယ့် သိထားရင် အရမ်းအသုံးဝင်တဲ့ အချက်လေးတွေပါ။

၁။ မြေပုံကို ကိုယ်တိုင် ပိုကောင်းအောင် လုပ်မယ် (Map Editing & Adding Places) ✍️ ကိုယ့်ရပ်ကွက်ထဲက ဆိုင်သစ်လေးတွေ၊ ပြင်ချင်တဲ့ အချက်အလက်တွေကို Maps ပေါ် တိုက်ရိုက်ထည့်သွင်း၊ ပြင်ဆင်နိုင်တဲ့ function ပါ။ ဒါမှ အားလုံးအတွက် မြေပုံက ပိုပြီး မှန်ကန်၊ ပြည့်စုံနေမှာပေါ့။

။ Explore Tab - ကိုယ့်နားမှာ ဘာရှိလဲ အလွယ်တကူရှာမယ် 🧭 ကိုယ်ရောက်နေတဲ့နေရာနားက စားစရာ၊ သောက်စရာ၊ ATM၊ ဆေးဆိုင်လိုမျိုး အရေးကြီးတာတွေကို အမျိုးအစားအလိုက် အလွယ်လေး ရှာဖွေပေးတဲ့ function ပါ။ လျှောက်ရှာနေစရာမလိုတော့ဘူး။

၃။ ကားပါကင်နေရာ မှတ်သားခြင်း (Save Parking Location) 🅿️ ကားဘယ်နားရပ်ခဲ့လဲ ခေါင်းစားပြီး လိုက်ရှာစရာမလိုတော့ဘူး။ Maps မှာ ကိုယ်ကားရပ်ခဲ့တဲ့နေရာကို မှတ်ထားလိုက်ရုံနဲ့ အေးဆေးပဲ။ Shopping Mall အကြီးကြီးတွေမှာ ဒါမှမဟုတ် နေရာစိမ်းမှာဆို တကယ်အသုံးဝင်တဲ့ function ပါ။

၄။ ခရီးစဉ်တစ်ခုတည်းမှာ နေရာများစွာ သွားမယ် (Multiple Stops) 🚗➡️🛒➡️🏠 ဘဏ်ဝင်၊ ဈေးဝင်၊ သူငယ်ချင်းဆီဝင် စသဖြင့် ခရီးစဉ်ရှည်တွေကို တစ်ခါတည်း plan ချနိုင်တဲ့ function ပါ။ နေရာတစ်ခုပြီးမှ နောက်တစ်ခု လမ်းကြောင်းပြန်ရှာနေစရာမလိုတော့ အချိန်ကုန်သက်သာတယ်။

၅။ တည်နေရာကို တိုက်ရိုက်မျှဝေမယ် (Real-time Location Sharing) 📍➡️👥 ကိုယ်ဘယ်ရောက်နေပြီလဲဆိုတာ သူငယ်ချင်း၊ မိသားစုကို အချိန်နဲ့တပြေးညီ (Real-time) မျှဝေထားနိုင်တဲ့ function ပါ။ ချိန်းထားလို့ နောက်ကျနေရင်ဖြစ်ဖြစ်၊ ကိုယ့်အတွက် စိတ်ပူနေသူကိုဖြစ်ဖြစ် အသိပေးဖို့ အရမ်းအဆင်ပြေတယ်။

ဒီ functions လေးတွေက Google Maps ကို ပိုပြီး ထိထိရောက်ရောက် သုံးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ သာမန်လမ်းညွှန်တာထက် ပိုအသုံးဝင်တာတွေကို စမ်းသုံးကြည့်ပြီး ကိုယ့်အကြိုက်ဆုံး function ကို Comment မှာ ပြောခဲ့ပါဦးနော်။ 😊

ကူးယူပြီးပါပြီ

Comments

Please Login to post a comment.

Link copied to clipboard!